Home
မြန်မာသတင်း
မုံရွာမြို့ ကမ်းနားလမ်းတွင် လိုက်ထရပ်ကားတစီးမီးလောင်
ရန်နိုင်စိုး
·
April 8, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ကမ်းနားလမ်းမှာ ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီကျော်က လိုက်ထရပ်ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါကားဟာ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ကားဖြစ်ကြောင်းသိရပြီး ပြုပြင်ဖို့အတွက် ကားတစီးက ကြိုးနဲ့ထိန်းပြီး ဆွဲလာခဲ့ရာက ယာဉ်ရဲ့ ဝဲဘက်ဘရိတ်ရှူးနဲ့ငြိပြီး အပူလွန်ကဲရာက အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို မြို့နယ်မီးသတ်အဖွဲ့နဲ့ ဘေးပတ်ဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ရှေ့ဝဲဘက်ဘီးတာယာနဲ့ ထိုင်ခုံအမိုးများ မီးလောင်သွားခဲ့တဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းကျပ် လောက်ရှိတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ မီးလောင်မှုကြောင့် လူအသေပျောက်တော့ မရှိခဲ့ပါဘူး။ ယာဉ်မောင်းသူမှာ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဝဏ္ဏဘို ဆိုသူဖြစ်ပြီး အခုလို ကားမီးလောင်မှုကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024