Home
မြန်မာသတင်း
နမ္မတူမြို့တွင် ကျပ်သိန်း ၅၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
April 8, 2017
ရှမ်းပြည်နယ် နမ္မတူမြို့မှာ ငွေကျပ် သိန်း ၅၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။ “ဖမ်းမိတာက ၂ အိမ်ရှိတယ်။ ပထမတစ်အိမ်ကတော့ ရက်ကွက် ၁ မှာရှိတဲ့ ဦးမြင့်ဟုန်းအိမ်မှာ။ မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ တိကျတဲ့ သတင်းတွေရလို့ မနက်ခင်း ၉ နာရီအချိန်မှာ ရဲတွေ၊ ဌာနဆိုင်ရာတွေ၊ ပြီးတောာ့ တပ်မတော်တွေ ပူးပေါင်းပြီး ဝင်ရှာတော့ ဘိန်းဖြူရော၊ စိတ်ကြွရူးသွတ်ဆေးပြားရော ကျပ်ငွေ ၄၉ သိန်းလောက်မိတယ်” လို့ နမ္မတူ မြို့နယ် ရဲမှူး မြင့်ရွှေက ပြောပါတယ်။ “ပြီးတော့ အဲဒီရက်ကွက် ၈ မှာလည်း မူးယစ်ဆေးဝါးရှိတယ်လို့ သတင်းထပ်ရတော့ အဲလိုပဲ ဝင်ရှာရင်းနဲ့ ထပ်ဖမ်းမိတယ်။ ဦးချန်ပေါင်ဆိုတဲ့ နေအိမ်မှာ၊ ဒီမှာ ဖမ်းမိတာက ဘိန်းဖြူရော စိတ်ကြွရူးသွတ်ဆေးပြားရော တော်တော်များတယ်။ ဒါဖမ်းမိတာက ၁၀ နာရီမထိုးခင်ပေါ့” လို့ သူက ဆက်ပြောပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးမှာ ဘိန်းဖြူ ၆၃ဂ ရမ်လောက်ပါ ဆက်ပြာခွက် ၇ ခွက်၊ ဘိန်းဖြူ ၁၈၉ဂ ရမ်လောက်ပါ ဆပ်ပြာခွက် ၂၁ ခွက်နဲ့ ၈၈/၁ စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း ၁၅၂၇၀ အားလုံး စုစုပေါင်းငွေကျပ် သိန်း ၅၅၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံ ဦးမြင့်ဟုန်းနဲ့ ဦးချိန်ပေါင်တို့ကို နမ္မတူ ရဲစခန်းမှာ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024