အမေရိကန်-တရုတ်ဆက်ဆံရေး တိုးတက်အောင်လုပ်နိုင်ခဲ့ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နဲ့တရုတ် အပြန်အလှန်ဆက်ဆံရေးဟာ နှစ်နိုင်ငံ သမ္မတတွေကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအတွင်း တိုးတက်အောင်လုပ်ခဲ့တယ်လို့ ယုံကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၇ ရက်နေ့က ပြောပါတယ်။ ကုန်သွယ်ရေးကိစ္စတွေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အတွက် စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအပြီးမှာ ခုလို ပြောလိုက်တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ထူးချွန်ပြောင်မြောက်တယ်လို့လည်း ဒေါ်နယ်ထရမ့်က သတင်းစာ ရှင်းလင်းပွဲအတွင်း မှတ်ချက်ပြု ပြောဆိုပါတယ်။ အမေရိကန် သမ္မတကတော် မလာနီယာ ထရမ့်နဲ့ တရုတ်သမ္မတကတော် ဖန်းလိယွမ်တို့ကတော့ ဖလော်ရီဒါပြည်နယ် အနောက်ထန်းတော ကမ်းခြေမှာရှိတဲ့ ဒေသခံ ကျောင်းဆီ ဧပြီ ၇ ရက်နေ့ သွားရောက် လည်ပတ်ခဲ့ကြပါတယ်။။ စာသင်ခန်း လေးခန်းဆီ သွားလည်ခဲ့ပြီး မိန်းကလေး တူရိယာ တီးဝိုင်းကိုလည်း အားပေးပါတယ်။ တချိန်က နာမည်ကြီးခဲ့တဲ့ အဆိုတော်က တရုတ်သမ္မတ ကတော်နဲ့ မစ္စစ် ထရမ့်တို့အတွက် Astonishing သီချင်းနဲ့ ဂုဏ်ပြု  ဖျော်ဖြေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up