ရဲတပ်ဖွဲ့တောင်းဆိုမှုကြောင့် ရန်ကုန်သင်္ကြန်တွင် ပရဟိတအဖွဲ့များ လုံခြုံရေး ကူညီမည်
DVB
·
April 8, 2017
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်သင်္ကြန်ကို ပရဟိတအဖွဲ့တွေလည်း လုံခြုံရေး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ဧပြီ ၇ ရက်နေ့မှာ ပြောပါတယ်။
ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရိုးရာသင်္ကြန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့အစည်းမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အပါအဝင် ပရဟိတ အဖွဲ့ ၁၂ ဖွဲ့က လူအင်အား ၂၀၀ ကျော်နဲ့ မနက် ၈ နာရီကနေ ညနေ ၆နာရီထိ လုံခြုံရေး ယူပေးမှာပါ။
လုံခြုံရေးရယူပေးမဲ့ နေရာတွေကတော့ လူစည်ကားရာနေရာတွေကို အဓိက ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်း၊ဓာတ်ပုံ - ပြည့်ဘုန်းအောင်