ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဆိုသည့် စွပ်စွဲချက် ဆီးရီးယား ငြင်းဆို

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ် မိုအယ်လမ်က ဧပြီ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့ ဆီးရီးယားတပ်မတော်ဟာ ပြည်သူတွေကို ဓာတုလက်နက်နဲ့ မတိုက်ခိုက်ခဲ့ပါဘူး။ နောင်လည်း မတိုက်ခိုက်ပါဘူး။ အကြမ်းဖက်သမားတွေအပေါ်လည်း ဓာတုလက်နက်သုံးမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဆက်ပြီး သူက “စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ အများကြီး ရောက်လာပြီးတဲ့နောက်မှာ သူတို့တွေ ဘက်လိုက်မှု ကင်းလိမ့်မယ်လို့ ကျေနာ် မထင်ပါဘူး။ သူတို့ပြန်တော့ ဒမတ်စကပ်က အချက်အလက်တချို့ ယူသွားတယ်။ ဌာနချုပ်ကို ပြန်ရောက်တဲ့အခါ အဲဒီအချက်အလက်တွေကို သူတို့ ပြောင်းပစ်တယ်" လို့လည်း ပြောခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ဘက်လိုက်မှုကင်းပြီး တခြားနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကင်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဆိုရင် ဆီးရီးယားအစိုးရက ခွင့်ပြုမှာဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ ဘက်လိုက်မှုကင်းဖို့ ခက်ခဲကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up