ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 7, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ၁၀ သိန်း ၇ သောင်း ၉ ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၅,၀၀၀ ဈေး ကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၅,၅၀၀ ဈေးတက်လာပြီးတော့ ၇ သိန်း ၄ သောင်း ပေါက်ဈေးရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ၁ ပိဿာကို ငွေကျပ် ၅၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၅,၅၀၀ ကျပ် ရှိပါတယ်။
အာလူး
အာလူးက ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျသွားပြီး ဒီနေ့ ပေါက်ဈေးက ၆၆၀ ကျပ် ရှိပါတယ်။
နှမ်းနက် (စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁ သိန်း ၂ သောင်း ၈ ထောင် ပေါက်ဈေးရှိပြီး ငွေကျပ် ၂၀၀၀ ဈေးကျဆင်းသွားပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၁၂,၀၀၀ ဈေးကျသွားတာပါ။
စားအုန်းဆီ
စားအုန်းဆီကတော့ ၁ ပိဿာကို ငွေကျပ် ၂၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးနှုန်းက ၁၈၆၀ ကျပ် ရှိပါတယ်။
စွန်တာ
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ စွန်တာက ၁ တင်းကို ငွေကျပ် ၇၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
မန်ကျည်းတောင့်
မန်ကျည်းတောင့်ကတော့ ၁ ပိဿာကို ၄၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးက ၁ ပိဿာကို ၁၅၆၀ ကျပ် ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA