ဂျပန်က မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုသက်တမ်း ၂ နှစ်ထပ်တိုး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဂျပန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျပန်အစိုးရဝန်ကြီး ယိုရှီဟီဒီ ဆူဂါက ဧပြီ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုအားလုံးကို ဂျပန်က တားမြစ်ပြီး မြောက်ကိုရီးယားသင်္ဘောတွေ အားလုံး ဂျပန်ဆိပ်ကမ်းတွေမှာ ရပ်ခွင့်မပေးဘူးလို့ ကျိုဒိုသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ မြောက်ကိုရီးယားက နောက်ထပ် တာဝေးပစ်ဒုံးကျည်တစင်း အရှေ့ဘက်ပင်လယ်ပြင်ထဲကို စမ်းသပ်ပစ်ချပြီးတဲ့နောက်မှာ ဂျပန်က အခုလို စီးပွားရေးပိတ်ဆို့မှုသက်တမ်း ထပ်တိုးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up