Home
မြန်မာသတင်း
မိုင်းဖြတ်မြို့တွင် စိတ်မမှန်သည့် အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
April 7, 2017
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့ ဆိုက်ခေါင်ကျေးရွာတွင် စိတ်မမှန်တဲ့ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သက်သေမှု ဧပြီလ ၆ ရက် နံနက် ၇ နာရီခွဲ လောက်က ဖြစ်ပွားခဲ့ပါတယ်။ မိုင်းဖြတ်မြိုမရဲစခန်းက ခေတ္တစခန်းမှူး ဒုရဲအုပ် ဟန်မိုးလွင်နဲ့ တပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ အခင်းဖြစ်ပွားရာ နေအိမ်ကို သွားရောက်စစ်ဆေးကာ သေဆုံးသူမှာ မောင်ကျရှော အသက် ၂၉ နှစ်ဖြစ်ပြီး နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိရပြီး လည်ပင်းမှာ ၁လက်မခွဲလောက်ရှိတဲ့ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေပြီး ကတ်ကြေး ၁ လက် စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူရဲ့ပြောပြချက်အရ မောင်ကျရှောဟာ မွေးရာပါ စိတ်မမှန်သူဖြစ်ပြီး အခင်းမဖြစ်ခင် နံနက် ၆ နာရီခွဲလောက်က မနက်စာစားဖို့ သွားနှိုးရာ အခန်းတံခါးကို အတွင်းက ဂျက်ထိုးထားလို့ နံရံကိုခွာကြည့်မှ သားဖြစ်သူ သေဆုံးနေကြောင်း တွေ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုင်းဖြတ်မြို့မရဲစခန်းက ရဲဆေးစာဖြင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံကို ပိုဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်း (ပ ၂၀၁၇) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ အောင်လေး ( မိုင်းဖြတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024