အိုင်အက်စ်က အီရတ်စစ်ရဟတ်ယာဉ်ကို ဒုံးကျည်ဖြင့်ပစ်ချသည့်ရုပ်သံ ထွက်ပေါ်

မိုဆူးလ်မြို့ပေါ် ဖြတ်သန်းလာတဲ့ အီရတ်စစ်တပ် ရဟတ်ယာဉ်တစင်းကို ဧပြီ ၆ ရက်နေ့မှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ဒုံးကျည်နဲ့ပစ်ချခဲ့လို့ လေယာဉ်ပေါ်ပါ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ရတယ်လို့ စစ်တပ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ မိုဆူးလ်မြို့အနောက်ဘက်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းဖို့ အီရတ်ဗဟိုရဲတပ်ဖွဲ့ကို လေတပ်ကနေ ထောက်ပံ့ပေးထားခဲ့တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ မိုဆူးလ်မြို့ဟာ အီရတ်နိုင်ငံတွင်း အိုင်အက်စ်အဖွဲ့တွေ အခိုင်အမာတပ်စွဲထားတဲ့ အဓိကမြို့တော်ဖြစ်ပြီး ဒါဟာ အဲဒီဒေသမှာ အမေရိကန်ထောက်ပံ့မှုနဲ့ စစ်တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်း အောက်တိုဘာလကနေ ခုချိန်ထိ အိုင်အက်စ်တွေက ပထမအကြိမ် ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒုံးကျည်နဲ့ ပစ်ချခံရပြီး အနီရောင်မီးတောက်မီးလျှံလုံးကြီးနဲ့ မီးခိုးလုံးတွေ ထွက်ပေါ်လာခဲ့တာကို တွေ့ရမှာပါ။ အိုင်အက်စ် အကြမ်းဖက်သမားတွေဟာ လူနေထူထပ်တဲ့ မြို့တွင်းဧရိယာတွေမှာ မိုင်းတွေ၊ အသံတိတ်သေနတ်တွေ၊ အသေခံဗုံးဖောက်ခွဲတာတွေ ပြုလုပ်လေ့ရှိကြတာပါ။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ အိုင်အိုအမ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မိုဆူးလ်မြို့ကနေ လူပေါင်း ၃ သိန်း ၂ ထောင်ကျော်လောက်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up