အမေရိကန်က ဆီးရီးယားလေတပ်စခန်းကို ဒုံးကျည် ၅၉ စင်း ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်နေ့က တိုမာဟော့ခ် ရေတပ်ဖျက်သင်္ဘော ၂ စီးပေါ်ကနေ ဆီးရီးယားနိုင်ငံ လေတပ်စခန်းထဲကို ဒုံးကျည် ၅၉ စင်း ပစ်လွှတ်လိုက်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။ မြေထဲပင်လယ် အရှေ့ပိုင်းမှာရှိတဲ့ အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ် ရော့စ်နဲ့ ယူအက်စ်အက်စ် ပေါ်တာတို့က ပစ်မှတ်တခုတည်းကို ရည်ရွယ်ပြီး တိုမာဟော့ခ်ဒုံးကျည် ၅၉ စီး ပစ်လွှတ်ခဲ့တာပါ။ ဆီးရီးယားအနောက်ပိုင်း ဟုမ်းခရိုင်ထဲက အယ်လ်ရှာယတ် လေယာဉ်ကွင်းနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ပါတယ်။ ဒီလေယာဉ်ကွင်းကနေ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ် အစိုးရဟာ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေကို သုံးစွဲ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up