ဦးမျိုးရန်နောင်သိန်းကို ထောင်ဒဏ် ၆ လ အမိန့်ချမှတ်
DVB
·
April 7, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းကို ကမာရွတ်မြို့နယ်တရားရုံးက ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၆ လ ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့ စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ၂၀၁၆၊ အောက်တိုဘာ ၃၁ ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းကို ၂၀၁၆၊ နိုဝင်ဘာ ၃ ရက်က ဗဟန်းမြို့နယ် ယုဇနဟိုတယ်မှာ ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။