ကားခိုးသံသယရှိသူကို သေနတ်ဖြင့်ပစ်သတ်ဖမ်းဆီးသည့် ရုပ်သံ အမေရိကန်ရဲထုတ်ပြန်

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာ ထရပ်ကားခိုးသံသယရှိသူတဦးကို အသေပစ်သတ်ဖမ်းဆီးလိုက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ခိုးယူသွားတယ်လို့ သံသယရှိနေတဲ့ ပစ်ကပ်ထရပ်ကားကို လမ်းဘေးမှာရပ်ဖို့ ရဲက အမိန့်ပေးတာကို ဂျော့စီတန် အသက် ၃၈ နှစ်က လျစ်လျူရှုခဲ့လို့ ရဲတွေက ကားခိုးသံသယရှိသူရဲ့ နောက်ကို လိုက်ခဲ့ရတာလို့ ဆိုပါတယ်။ ရုပ်သံထဲမှာတော့ ရဲတွေက လိုက်လံဖမ်းဆီးရာမှာ သံသယရှိသူ ဂျော့ဂ်ျက ကားကို ဥယျာဉ်တခုရဲ့ရှေ့မှာ ရပ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက မပစ်ခတ်ခင် ဂျော့ဂ်ျကို သေနတ်နဲ့ချိန်ပြီး လက်တွေမြှောက်ထားဖို့ အမိန့်ပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဂျော့ဂ်ျဟာ ကားကိုထားပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ချိန်မှာ ရဲအရာရှိ ၂ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ဒီပစ်ခတ်မှုက မတ်လ ၄ ရက်နေ့ကဖြစ်ခဲ့ပြီး ဧပြီ ၄ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ပြီးနောက် ဒီရုပ်သံကို ထုတ်လွှင့်ခဲ့တာလို့ အိုကလာဟိုးမားမြို့မှ ရဲအရာရှိ ပါကိုဘယ်ဒါရာမာက ပြောပါတယ်။ “ဒီအဖြစ်အပျက်မှာ ရဲတွေ ထိခိုက်ဒဏ်ရာရ အသက်သေဆုံးမှု မရှိလို့ တော်တော်ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ဒီအခြေအနေက အရမ်းကို အန္တရာယ်များတယ်” လို့ ရဲအရာရှိက ပြောပါတယ်။ ဒီပစ်ခတ်မှုက တရားမျှတမှု ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ခရိုင်တရားရုံးကို အမှုလွှဲထားတယ်လို့ ရဲအရာရှိကပြောကြောင်း ဧပြီ ၅ ရက် မေရာသတင်းမှာ ဖြော်ပထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up