Homeမြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုနှင့် ရင်ပြင် မန္တလာတံခွန်ပန်းခြံတွင် ဖွင့်လှစ်မည်
ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုနှင့် ရင်ပြင် မန္တလာတံခွန်ပန်းခြံတွင် ဖွင့်လှစ်မည်
Aung Aung Naing
·
April 6, 2017
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ် (စ) ရပ်ကွက် မန္တလာတံခွန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုနဲ့ ရင်ပြင်ကို ဗိုလ်ချုပ်ရာပြည့်ကျင်းပရေးကော်မတီက ဇွန်လ ၁၉ ရက်နေ့ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ စိုက်ထူထားရှိမှာ ဖြစ်ပါတယ်။
အမြင့် ၁၃ ပေ၊ အကျယ် ၆ ပေ၊ ပန္နက်ခုံ ၆ ပေရှိ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပြီး အန်အယ်လ်ဒီနာယက သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရာက်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ဇွန် ၁၄ ရက်နေ့မှာ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို မန္တလေးမြို့တွင်း လှည့်လည်ပြီး စာပေဟောပြောပွဲတွေ၊ အငြိမ့်၊ ဇာတ်ပွဲ၊ တီးဝိုင်းတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်စည်ကားကား ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်နဲ့ ရင်ပြင်ဖြစ်မြောက်ရေး ကော်မတီကို ၂၀၁၄ စက်တင်ဘာလမှာ ကော်မတီဝင် ၄၀ ကျော်နဲ့ ဖွဲ့စည်းခဲ့ပြီး မြို့မိမြို့်ဖတွေနဲ့ ဗိုလ်ချုပ်ချစ်ကြသူတွေ ပါဝင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့် မန္တလာတံခွန်ပန်းခြံဟာ မြေဧက ၅ ဧကလောက် ကျယ်ဝန်းပါတယ်။