ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 5, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ၁၀ သိန်း ၉ သောင်းကျပ် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၂ သောင်း ၂ ထောင် ဈေးတက်လာပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံက ဒီနေ့မှာ ငွေကျပ် ၅၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇ သိန်း ၃ သောင်း ၅ ထောင် ပေါက်ဈေး ရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၈၅၀ ကျပ် ရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (ကြူကုတ်၊ တောင်ကြီး၊အောင်ပန်း)က ဒီနေ့မှာ ၁ ပိဿာကို ၁၈၀၀ ကနေ ၅၃၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၃၀၀ ဈေးတက်လာပါတယ်။
နှမ်းနက် (စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁ သိန်း ၃ သောင်း ၅ ထောင် ပေါက်ဈေးရှိပြီး ကျပ် ၂၀၀၀ ဈေးကျသွားပါတယ်။
ပဲလွန်းပြာ
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲလွန်းပြာက ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်ပြီး ဒီနေ့ ပေါက်ဈေးက ၁၃၀၀ ကျပ် ရှိပါတယ်။
မြေပဲလုံးဆံနီ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၂၅ ကျပ် ဈေးကျသွားပြီး ၁ ပိဿာကို ငွေကျပ် ၂၃၀၀ ပေါက်ဈေးရှိနေပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့် ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးက ၁ ပိဿာကို ၁၄၀၉၀ ကျပ် ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA