Home
မြန်မာသတင်း
သင်္ကြန်ကာလ ရန်ကုန်-ရေး-ထားဝယ် ရထားခရီးစဉ် ဆက်လက်ပြေးဆွဲမည်
DVB
·
April 5, 2017
လာမယ့် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့ ရန်ကုန်-ရေး ထားဝယ် တိုက်ရိုက်ရထားခရီးစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ပြေး ဆွဲသွားမယ်လို့ မွန်ပြည်နယ် ရေးမြို့ဘူတာရုံ ရုံပိုင်တာဝန်ခံ ဦးအေးအောင်စိုးက ပြောပါတယ်။ ရန်ကုန်-ရေး-ထားဝယ် ရထား ခရီးစဉ်မှာ လက်ရှိတစ်နေ့ကို ပျမ်းမျှ ခရီးသည် ၂၀၀ လောက်ရှိရာ ပြီးခဲ့တဲ့မတ်လကထက် ခရီးသည် အယောက် ၇၀ အထိ ပိုမိုများပြားလာပါတယ်။ ငါးခြောက်၊ ငါးရေခဲစိမ်၊ ကုန်စည်က ပုံမှန်အတိုင်းပဲ တင်ပို့ပေးနေတယ်လို့ ရေးဘူတာရုံ တာဝန်ခံ ဦးအေးအောင်စိုးက ဆက်ပြောပါတယ်။ ခရီးသည်တွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် လက်မှတ်ခနှုန်းထားတွေကို သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်-ရေး-ထားဝယ် ရထားတိုက်ရိုက် ခရီးစဉ်အပြင် ရေး-မော်လမြိုင် လူစီးကုန် တင်ရထားကိုလည်း ပုံမှန်ခရီးစဉ်အတိုင်း ပြေးဆွဲသွားဖို့ရှိပြီး ရွှေစင်စင်္ကြာ၊ ရွှေပြည်စိုး၊ သန်မြန်သူ၊ အာကာမင်း၊ ရွှေပျံလွှား၊ အောင်ကျော်မိုး၊ ယူနီဗာဆယ်၊ ရတနာ အဆင့်မြင့်မှန်လုံယာဉ်လိုင်းတွေကတော့ ရန်ကုန်-ရေးတိုက်ရိုက်ခရီးတွေကို ဧပြီ ၁၁ ရက်နေ့ နောက်ဆုံးထား ပြေးဆွဲသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024