မတ်လတွင်း လောင်းကစားမှု ၂၆၈ မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
April 5, 2017
နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လအတွင်း လောင်းကစားမှု ၂၆၈ မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် တရက်ကို လောင်းကစားမှု ၈ မှုဖြစ်ပွားနေတာပါ။ ဒီလောင်းကစားမှုတွေထဲမှာ ရန်ကုန်က ၉၄ မှုနဲ့ အများဆုံးဖြစ်ပွားပြီး ပဲခူးတိုင်းက ၄၈ မှုနဲ့ ဒုတိယအများဆုံးဖြစ်ပွားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလောင်းကစားမှုတွေကနေ လက်ကိုင်ဖုန်း ၁၀၁လုံး၊ ဆိုင်ကယ် ၅၅ စီး၊ ဂိမ်းစက် ၃ လုံး၊ ထိုင်းဘတ်ငွေ ၄၄၂၀ အပြင်၊ လောင်းကြေးငွေ ကျပ်သိန်း ၂၆၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။