လွန်ခဲ့သည့်အနှစ် ၆၀ ခန့်က လုံခြုံရေးပေးခဲ့သူကို ဒလိုင်းလားမား သွားရောက်တွေ့ဆုံ

ဓာတ်ပုံ - Getty Images
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား လွန်ခဲ့တဲ့အနှစ် ၆၀ လောက်က တိဘက်ကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးလွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လုံခြုံရေးပေးခဲ့သူ အိန္ဒိယတပ်ဖွဲ့ဝင်ဟောင်းတဦးကို ဧပြီ ၃ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် ဒလိုင်းလားမားဟာ တိဘက်က ထွက်ပြေးလာခဲ့အပြီး သူ ခိုလှုံနေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တရုတ်နယ်စပ်ဒေသတွေကို အလည်အပတ် သွားရောက်နေတာပါ။ ၁၉၅၉ ခုနှစ်က တရုတ်အစိုးရကို ပုန်ကန်မှုတွေ တိဘက်ဒေသ မြို့တော် လာဆာ (Lhasa) မှာ ဖြစ်ခဲ့အပြီး ဒလိုင်းလားမားဟာ စစ်သားတဦး အယောင်ဆောင်ကာ အိန္ဒိယနိုင်ငံကို ထွက်ပြေးလာခဲ့တာပါ။ အခု အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ အာသံရိုင်ဖယ်လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်း နာရန် ချန်ဒရာ ဒက်စ် (Naren Chandra Das) တို့ရဲ့ တပ်စိတ်က ဒလိုင်းလားမားကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ခရီးစဉ်တခုအတွင်း လုံခြုံရေးပေးခဲ့တာပါ။ တရုတ်အစိုးရကတော့ ဘုန်းတော်ကြီး ဒလိုင်းလားမား တရုတ်နိုင်ငံနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြန်လာရောက်တာကို အမျက်ဒေါသထွက်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကိစ္စတွေ နောက်ထပ်ရှုပ်ထွေးအောင်မလုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒလိုင်းလားမားကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို ပြန်လည်ရောက်ရှိလာတာ သူ တိဘက်က ထွက်ပြေးလွတ်မြောက်လာအပြီး လွတ်လပ်မှုရဲ့ အရသာကို ပထမဆုံး ခံစားခဲ့ရတာ ပြန်အမှတ်ရတယ်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up