Homeမြန်မာသတင်း
HIV ကူးစက်ခံကလေးများအတွက် နှစ်သစ်ကူးအထိမ်းအမှတ် သိန်း ၅၀ MPT မှ လှူဒါန်း (ဓာတ်ပုံ)
HIV ကူးစက်ခံကလေးများအတွက် နှစ်သစ်ကူးအထိမ်းအမှတ် သိန်း ၅၀ MPT မှ လှူဒါန်း (ဓာတ်ပုံ)
Aung Aung Naing
·
April 5, 2017
မန္တလေးမြို့်၊ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရ မြဝတီမင်းကြီးကျောင်းတိုက်ဝင်းရှိ သုခရိပ်မြုံ မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းမှ HIV ကူးစက်ခံကလေး ယောက်ျားလေး ၃၅ ယောက်၊ မိန်းကလေး ၃၃ ယောက်၊ စုစုပေါင်း ၆၈ ယောက် ပြုစုစောင့်ရှောက်ထားရာကို MPT မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းမှ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အလှူငွေ ကျပ်သိန်း ၅၀ ကို မန္တလေးတိုင်းဒေသကြီး မန်နေဂျာ ဦဌေးလှနဲ့အဖွဲ့ဝင် ၁၄ ယောက်တို့က လာရောက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အလားတူ ကျောက်ဆည်မြို့၊ ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မိဘမဲ့ကလေး ပြုစုစောင့်ရှောက်တဲ့နေရာကိုလည်း မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သိန်း ၅၀ ကျပ် လှူဒါန်းခဲ့ပါတယ်။