Home
မြန်မာသတင်း
မိုင်းအန္တရာယ်ကင်းရှင်းရေး အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်း အသုံးပြုမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 4, 2017
မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် အန္တရာယ်ကျရောက်နိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခု က လူဦးရေ ၁ သိန်းကျော်အတွက် မိုင်းအန္တရာယ်အသိပညာပေးမှုတွေ၊ သတင်းအချက်အလက်နဲ့ နည်းပညာပိုင်းရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉ သန်းကို ယူနီဆက် (unicef) တောင်းခံထားတယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ခေတ္တညွန်ကြားရေးချုပ် ဒေါ်စန်းစန်းအေးက “အဲဒီလိုလုပ်တဲ့ လုပ်ငန်းတွေမှာ ရန်ပုံငွေတွေသည် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ လာတာပါ။ အဲဒီကနေ အခုနှစ် ၂၀၁၇ ခုနှစ်အတွက် ၅ ဒသမ ၉ သန်း ကျခံ သုံးစွဲပါမယ်ဆိုပြီး ပြောလာတယ်။ ဂျီနီဗာမှာ တနှစ် တခါလုပ်တဲ့ အစည်းအဝေးမှာ ပြောပြခဲ့တာပါ” လို့ ပြောပါတယ်။ မိုင်းအန္တရာယ်ကင်းရှင်းရေးကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တွေမှာ အဓိကထား လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနေ့ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ဧပြီ ၄ ရက်က ကျင်းပပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၂၀၁၅-၂၀၁၆ ခုနှစ်တွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူပေါင်း ၂၉၈ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ၃ ရက်ကို ၁ ဦးနှုန်းရှိပြီး ပျမ်းမျှ လူ၃ ဦးမှာ ၁ ဦး အသက်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024