ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 4, 2017
ရွှေသခွားမွှေးသီး
မူဆယ်ကုန်စည်ဒိုင်မှာ ရွှေသခွားမွှေးသီးကတော့ ၁ တန်ကို ငွေကျပ် ၉ သောင်း ၅ ထောင် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၉ သိန်း ၅ သောင်း ၅ ထောင် ပေါက်ဈေးရှိနေပါတယ်။
ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ က ၁ တန်ကို ၇ သောင်း ၆ ထောင့် ၄ ရာ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၃ သိန်း ၈ သောင်း ၂ ထောင် ပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ
မတ်ပဲက ဒီနေ့မှာ ၁၀ သိန်း ၆ သောင်း ၈ ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၂ သောင်း ၂ ထောင် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ငွေကျပ် ၅ ထောင့် ၅ ရာ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေး ၁ တန်ကို ၇ သိန်း ၃ သောင်း ၄ ထောင့် ၅ ရာ ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီ (မြစ်သား)အမျိုးအစားက ၁ ပိဿာကို ငွေကျပ် ၃၇၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၆၀၀ ကနေ ၈၀၀ ပေါက်ဈေးရှိနေပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၃၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၈၅၀ ကျပ် ရှိပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်သွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၇၆၀ ကျပ် ရှိပါတယ်။
ငရုတ်ရှည်
ငရုတ်ရှည် (အိန္ဒိယ၊ ကျောက်ရဲ၊ ပန်းတနော်၊ ဗီယမ်နမ်) အမျိုးအစားက ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၃၂၀၀ ကျပ် ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA