ဝါဂွမ်းဧက ၂၁၀၀၀ ကျော်ထိ တိုးချဲ့စိုက်ပျိုးမည်
DVB
·
April 4, 2017
ဒီနှစ်မှာ ၀ါဂွမ်းဧက ၂၁,၀၀၀ ကျော်ထိ တိုးချဲ့စိုက်ပျိုးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက မိုးကြို ဝါဂွမ်းကို ဧက ၃၀၀၀ ကျော်သာ စိုက်ပျိုးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ တောင်သူ တွေလေ့လာနိုင်ဖို့ မိတ္ထီလာခရိုင်နဲ့ ရမည်းသင်းခရိုင်တို့မှာ စံပြ စိုက်ပျိုးကွက်တွေ ဖော်ဆောင် သွားမယ်လို့ တိုင်းဦးစီးမှူး ဦးကျင်မောင်က ပြောပါတယ်။
ဝါသီးနှံကို အရင်က သီးခြားသီးနှံအနေနဲ့ သတ်မှတ်ထားရာကနေ ဒီနှစ်မှသာ စိုက်ပျိုးရေး ဝန်ကြီးဌာန လက် အောက်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - AMIA