Home
မြန်မာသတင်း
၇ မိုင်ကမ်းခြေတွင် အပူဒဏ်ရှောင် အပန်းဖြေ ရေကစားနေကြသူများ (သတင်းဓာတ်ပုံ)
DVB
·
April 4, 2017
မြန်မာနိုင်ငံ ဒေသအနှံ့ နေ့အပူချိန်တွေ မြင့်တက်နေချိန် မန္တလေးမြို့အနီး ၇ မိုင်ကမ်းခြေမှာတော့ အနယ်နယ်အရပ်ကနေ ရောက်လာကြတဲ့  ထောင်နဲ့ချီတဲ့ အပန်းဖြေ ရေကစားသူတွေနဲ့ နေ့စဉ် စည်ကားလို့နေပါတယ်။ ပြင်ဦးလွင်မြို့နယ် ဒီးဒုတ်ဆည်အနီး ဒုဋ္ဌဝတီမြစ်ဘေးမှာ ဖန်တီးပြုလုပ်ထားတဲ့ ၇ မိုင် ကမ်းခြေမှာ လူကြီးတွေအတွက် နားခိုစရာနေရာတွေ လုပ်ပေးထားတဲ့အပြင်  ကလေးငယ်တွေ ပျော်ရွှင်စွာ ကစားနိုင်ဖို့အတွက်လည်း အရုပ်တွေ ရရှိနိုင်ပါတယ်။ ကမ်းခြေဝင်ကြေးက ၁ ဦးကို ၁၀၀၀ ကျပ်ပေးရပြီး  သက်ကယ်အင်္ကျီနဲ့ ဘောကွင်းတွေကတော့ ဘယ်သူမဆို အခမဲ့ ငှားရမ်းအသုံးပြုနိုင်တာပါ။ လုံခြုံရေးအရ အရက်နဲ့ ဘီယာပုလင်းတွေကို ရေသန့်ဘူးနဲ့ လှယ်ထည့်ရပြီး CCTV ကင်မရာတွေတပ်ကာ စောင့်ရှောက်ကာကွယ်ပေးထားပါတယ်။ ရေဆော့ကစားရာမှာ သတ်မှတ်နယ်နိမိတ်စည်းအတွင်းမှာသာ ဆော့ကစားကြဖို့ တာဝန်ရှိသူတွေက မကြာခဏ အသံချဲ့စက်နဲ့ သတိပေးတာတွေလည်း ပြုလုပ်ပါတယ်။ ကမ်းခြေမှာ လုံခြုံရေးလှေတွေအစောင့်ချထားပြီး လုံခြုံရေးရှပ်ပြေးယာဉ် ၃ စီးကလည်း ၁၅ မိနစ် ၁ ကြိမ်လောက် ဒုဋ္ဌဝတီမြစ်အတွင်း လှည့်လည်ပြီး ရေကင်းအဖြစ် စစ်ဆေးစောင့်ရှောက်ပေးနပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024