Homeသတင်းဓာတ်ပုံ
မြန်မာ့စီးပွားရေးကို ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အပြိုင် တိုးတက်အောင်လုပ်မည် (ဓာတ်ပုံ)
မြန်မာ့စီးပွားရေးကို ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အပြိုင် တိုးတက်အောင်လုပ်မည် (ဓာတ်ပုံ)
DVB
·
April 4, 2017
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ တပြိုင်နက်တည်း တိုးတက်အောင် ဆောင်ရွက်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) က ဆိုပါတယ်။
ငြိမ်းချမ်းရေးအတွက် ဦးတည်တဲ့ စီးပွားရေးလုပ်ငန်းခေါင်းစဉ်နဲ့ ရန်ကုန်မြို့ကုန်သည်စက်မှု အသင်းချုပ်မှာ ဧပြီ ၄ ရက်နေ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ ပထမဆုံး ဆွေးနွေးနေတာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေက ငြိမ်းချမ်းရေးအတွက် ဒေသအလိုက် အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ သဘောတူလက်မှတ်တွေထိုးမယ်၊ UMFCC အနေနဲ့ နယ်မှာရှိတဲ့ ညီနောင်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် အကူအညီပေးမယ့် ကတိကဝတ် လက်မှတ်တွေ ရယူမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နယ်စပ်ဒေသနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ဒေသတွေဟာ အရေးကြီးတဲ့ အစိတ်အပိုင်းမှာရှိနေတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်တဲ့ ပညာရှင်တွေက ပြောပါတယ်။
သတင်း - ပြည့်ဖြိုးကျော်