အာဆင်နယ်ကို အာစင်ဝင်းဂါး ဆက်လက်ကိုင်တွယ်မည်ဆိုလျှင် အပြောင်းအလဲများစွာ ပြုလုပ်မည်

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းကို  နည်းပြ အာစင်ဝင်းဂါး ဆက်လက်ကိုင်တွယ်သွားမယ်ဆိုရင် အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်မှာဖြစ်တယ်လို့ အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်က ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ အာစင်ဝင်းဂါးကို အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖို့အတွက် အသင်းပရိသတ်တွေက ဆန္ဒပြနေကြတာပါ။ စာချုပ်သက်တမ်း တိုး မတိုးနဲ့ ပတ်သက်ပြီး ရာသီအကုန်မှာ ဆုံးဖြတ်မှာဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောကြားထားပါတယ်။ အာစင်ဝင်းဂါးအနေနဲ့ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ များစွာပြုလုပ်မှာဖြစ်တဲ့အပြင် နွေရာသီအပြောင်းအရွှေ့မှာလည်း ကစားသမားကောင်းတွေကို ခေါ်ယူသွားဖို့ရှိတယ်လို့ အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်က ဆိုပါတယ်။ အာစင်ဝင်းဂါးဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းက ၂ နှစ်စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up