ရော့ခ်အင်ရိုးသီချင်းဖြင့် ကခုန်ခဲ့ကြသည့် အဖိုးကြီးအဖွားကြီးစုံတွဲရုပ်သံ ရေပန်းစား

သြစတြီးယားနိုင်ငံမှ သက်ကြီးရွယ်အို အဖိုးကြီးအဖွားကြီး စုံတွဲတတွဲဟာ ရော့ခ်အင်ရိုးသီချင်းတပုဒ်နဲ့ ဟန်ချက်ညီညီ ကခုန်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ အသက် ၇၀ အရွယ် အဖိုးအို ဒိုင်ယက်တ်မာ အာရန်ထရောက်တ်နဲ့ အသက် ၆၄ နှစ်အရွယ် အဖွားအို နယ်လီယာတို့ဟာ ဘာဗေးရီးယားပြည်နယ်ထဲမှာ ရော့ခ်အင်ရိုးသီချင်းတပုဒ်နဲ့အတူ ကခုန်ခဲ့ကြတာပါ။ သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ခုလိုပဲ အတူတကွ ကခုန်ခဲ့ကြတာဖြစ်ပြီး ခုချိန်ထိ တက်ကြွဖျတ်လတ်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆၂ သန်းလောက်ရှိနေခဲ့ပြီး အွန်လိုင်းပေါ် ရေပန်းစားနေခဲ့တာပါ။ သူတို့စုံတွဲဟာ မြူးကြွတဲ့ ဂီတသံကြားမှာ စည်းချက်ညီညီ ကခုန်နေခဲ့ကြချိန် ဘေးက ပရိသတ်တွေကလည်း အော်ဟစ်ပြီး အားပေးနေခဲ့ကြတာကို တွေ့ရပါတယ်။ အဖွားအို နယ်လီယာက “ကျမတို့ ရိုးရှင်းစွာပဲ ကခုန်ရင်း မိတ်ဆွေဟောင်းတွေကို ပြန်ဆုံချင်တာပါပဲ” လို့ ပြောခဲ့တာပါ။ လက်ရှိအချိန်မှာ အွန်လိုင်းပေါ် စိတ်ဝင်စားမှု မြင့်တက်နေတာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့အနေနဲ့ မျှော်လင့်မထားခဲ့ဘူးလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို အကြိမ်ရေ ၁ ဒသမ ၆ သန်းကျော် ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက်ပေါင်း ၄ သောင်း ၄ ထောင်ကျော် ရှိခဲ့တာပါ။ အမျိုးသမီး ပရိသတ်တဦးဖြစ်တဲ့ စင်သီယာ ဆီဘရာက “ရှင်တို့ ခုလိုကခုန်ဖို့ မအိုသေးပါဘူး။ ကျန်းမာနေရင် အမြဲနုပျိုနေမှာပါ။ ၂ ယောက်လုံး တကယ့်ကို ကောင်းပါတယ်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up