Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းပြည်နယ်တွင် လေပြင်းများ တိုက်ခတ်၊ နေအိမ်အဆောက်အဦများ ပျက်စီး
DVB
·
April 4, 2017
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်အချို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားတယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်မှာ မနေ့ညနေပိုင်းက  လေပြင်းတွေတိုက်လို့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေ၊ အားကစားတိုက်ခန်းတွေ အမိုးတွေ ပြုတ်ထွက်ကုန်သလို လမ်းမပေါ်မှာ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေပြုလဲကျမှုတွေဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့မှာလည်း ဧပြီ ၂ ရက်ညက မိုးသက်လေပြင်းတွေကျရောက်ပြီး အထက်တန်းကျောင်းဆောင် အမိုးတွေ ပြိုကျ ပျက်စီးသွားလို့ တန်ဖိုး ငွေကျပ် သိန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းမှာလည်း  မနေ့ညနေက လေပြင်းတွေတိုက်၊ မိုးသီးတွေကျလို့  ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ အမိုးတွေ ပျက်စီးသွားတယ်လို့သိရပါတယ်။ ဓာတ်ပုံ- မြန်မာ့အလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024