Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် ကား ၁ စီးတိမ်းမှောက်၊ အမျိုးသား ၁ ဦးသေဆုံး
DVB
·
April 3, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆/၄ နဲ့ ၆/၅ အကြား ဧပြီ ၃ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်လောက်က TOYOTA IST (အနက်ရောင်)တစီး တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ သိရပါတယ်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို သုံးပင်ကွင်း၊ ဟင်္သာတမြို့နယ်နေ ယာဉ်မောင်း ထက်ဝေလင်း  မောင်းနှင်လာတဲ့ TOYOTA IST အနက်ရောင်ယာဉ်ဟာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တဖက်ယာဉ်ကြောရှိ မြေသားလမ်းပေါ်ကို တိမ်းမှောက်ခဲ့တာပါ။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ဦးအနက် ထက်ဝေလင်းမှာ ဦးခေါင်းနောက်စေ့ကွဲ၊ နှာခေါင်း၊ ပါးစပ် သွေးထွက်ဒဏ်ရာ ရရှိခဲ့ရာ ဆေးရုံကို ပို့ဆောင်တဲ့လမ်းမှာပင် သေဆုံးသွားခဲ့ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာသူ ဦးသက်နောင်မှာ ဘိုကလေးမြို့ ရုပ်/သံလမ်းမှာ နေထိုင်သူဖြစ်ပြီး သာမန်ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိကာ မစိုးရိမ်ရဘူးလို့  ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး အမှတ်-၃ လမ်းဆုံ၊ အမြန်လမ်းမကြီးစခန်းက ယာဉ်မောင်းထက်ဝေလင်းကို ယာဉ် (ပ) ၈ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄  က/၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း) ၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024