Home
မြန်မာသတင်း
၂ လကျော်တွင်း တရားမဝင်ကုန်ပစ္စည်း သိန်း ၂၆၀၀၀ ကျော်ဖိုး ရေပူစစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
DVB
·
April 3, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း ရေပူစစ်ဆေးရေးဂိတ်က ၂ လကျော်အတွင်း တရားမဝင် ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်အခွန်ဦးစီးဌာန ရေပူစစ်ဆေးဂိတ် ဒုညွှန်ကြားရေးမှူးက ပြောပါတယ်။ “ဖမ်းမိတဲ့ သိန်း၂ သောင်းကျော်မှာ အထွက်မှာ ကျောက်စိမ်းတွေ ပါတယ်။ အမဲသားခြောက်တွေ ပါတယ်။ အမဲသားအစို ပါတယ်။ မြွေ ပါတယ်။ ကြက်တွေ ပါတယ်။ မူးယစ်ဆေးဝါးတွေ အဲဒါတွေက အဓိက ဖမ်းမိတာပါ။ ဖမ်းမိတဲ့ ပစ္စည်းတွေထဲမှာ ဖျက်ဆီးရမယ့် ပစ္စည်းတွေ ပါတယ်။ သစ်တောဆိုလည်း သစ်တောပို့ပြီး လေလံတင်ရင် သူတို့ တင်မယ်။ ကျောက်ကိုတော့ သတ္တုတွင်းကို လွှဲပြီးတော့ လေလံပစ်မယ်ဟာတွေ ပါတယ်။ တချို့တော့ အကောက်ခွန်ကနေပြီးတော့ လေလံတင်မယ့်ဟာတွေ ပါတယ်” လို့ ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။ “ရေပူဂိတ်ဆိုတာ ဌာနတခု မဟုတ်ဘူးလေ။ သက်ဆိုင်ရာဌာန ၁၂ ခုပါတယ်။ အကိုတို့ အလုပ်ကျတော့ တားဆီးဖမ်းတာပဲ လုပ်တယ်။ ဖမ်းမိရင် သက်ဆိုင်ရာကို လွှဲပေးမယ်။ အဲမှာ သူ့ဥပဒေနဲ့သူ အရေးယူဆောင်ရွက်မှုတွေ လုပ်တာပဲ” လို့ သူက ဆက်ပြောပါတယ်။ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှာ စတင်ဖမ်းဆီးတဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှ မတ် ၂၇ ရက်နေ့ အထိ ၂ လကျော်အတွင်း အမှုပေါင်း ၁၃၇ မှုကို ဖမ်းဆီးရမိပြီးတော့ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၂,၆၀၃,၀၂၀,၄၇၅ အထိ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ သတင်း- နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024