Home
မြန်မာသတင်း
ဂရိတ်ဝေါလ်သကြားစက်ရုံ စွန့်ပစ်ကြံဖတ်ပုံတောမီးမှတဆင့် မီးလောင်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)
DVB
·
April 3, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာရှိတဲ့ ဂရိတ်ဝေါလ်(ဝေမာ) သကြားစက်ရုံရဲ့ စွန့်ပစ်ကြံဖတ်ပုံ တောမီးကတဆင့် မီးလောင်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၂ ရက် မွန်းလွဲ ၁ နာရီလောက်က ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာအနီးရှိ ဂရိတ်ဝေါလ်(ဝေမာ) သကြားစက်ရုံအနီး  ၃ ဧကလောက်ရှိတဲ့  စွန့်ပစ်ကြံဖတ်ပုံ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး  စက်ရုံနဲ့ ၅ ဖာလုံလောက် ဝေးကွာလို့  စိုးရိမ်စရာမရှိဘူးလို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူက ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားရာ နေရာကို ထီးချိုင့်မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး မီးသတ်ယာဉ် ၇ စီးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024