Home
မြန်မာသတင်း
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ (သတင်းဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
April 3, 2017
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ၂၆ ကြိမ်မြောက် သင်္ကြန်ပွဲတော်ကို ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့က ဟီဘီယပန်းခြံမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ကျင်းပခဲ့ပါတယ်။ သင်္ကြန်မှာ မြန်မာ့ရိုးရာ အစားအစာတွေ ချက်ပြုတ်ရောင်းချကြပြီး မြန်မာ့ရိုးရာ အဆိုအကတွေ အပြင် နှစ်စဉ် လူကြိုက်များတဲ့ မင်္ဂလာဒိုးအဖွဲ့ရဲ့ သင်္ကြန်သံချပ်ကိုလည်း တင်ဆက်ခဲ့ပါတယ်။ နှစ်စဉ် သင်္ကြန်ပွဲတော်ကို ဂျပန်ရောက် မြန်မာတွေ စုပေါင်းကျင်းပလေ့ရှိပြီး နေရာအနှံ့အပြားမှ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အခုလိုနေရာမှာ ဆုံစည်းတွေ့ဆုံခွင့်ရ၊ အတွေ့အကြုံတွေ ဖလှယ်ခွင့်ရသလို မြန်မာသင်္ကြန်အငွေ့အသက်တချို့ ခံစားရတယ်လို့ ပွဲတော်ရောက် မြန်မာတွေက ဒီဗွီဘီကို ပြောပါတယ်။ တိုကျို သင်္ကြန်ပွဲတော်ကို အဝေးရောက် မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတွေ အပါအဝင်  လူ ၁၀၀၀ ကျော် လာရောက်ဆင်နွှဲခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024