Home
မြန်မာသတင်း
လူသတ်တရားခံပြေးက ဓားဖြင့်ပြန်လည်ခုခံရန်ပြု၊ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
April 2, 2017
တာမွေမြို့နယ်မှာ လူသတ်မှု တရားခံပြေးအား သွားရောက်ဖမ်းဆီးစဉ် ဓားဦးချွန်နဲ့ ပြန်လည် ခုခံရန်ပြုလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါယတ်။ ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ် (၈) မြေညီထပ်မှာ  လူသတ် တရားခံပြေးဖြစ်သူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ဧပြီ ၁ ရက်နေ့ ည ၁၂ နာရီလောက်မှာ တာမွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ သွားရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တရားခံပြေး တင်စိုး ၅၄ နှစ်ဟာ နေအိမ် ထပ်ခိုးပေါ်မှာရှိနေပြီး ရဲတပ်ဖွဲ့က အသာတကြည်အဖမ်းခံဖို့ ပြောဆိုခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ ဓားဦးချွန်နဲ့ ပြန်လည်ခုခံရန်ပြုလို့ ရဲတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်နဲ့ တချက် အမိုးပေါ် ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားခံပြေးဖြစ်သူဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ရန်ပြုနေလို့ Pump Action ပြောင်းချောသေနတ်နဲ့ ၁ ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဘက်ပေါင်ထိမှန်ကာ ဒဏ်ရာတွေရရှိခဲ့ပြီး ရဲဆေးစာနဲ့အတူ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ တရားခံပြေးဖြစ်သူ တင်စိုးဟာ တာမွေမြို့မရဲစခန်း (ပ)၈၈၆/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆ အမှုမှ ၃၀၂ အမှုသို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည့်အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၁.၁.၂၀၁၅ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားခံပြေးအဖြစ် တရားစွဲဆိုထားသူဖြစ်တယ်လို့ ဆိုပါတယ်။ တရားခံပြေး တင်စိုးအား ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024