နာမည်ကြီးနေသည့် တရုတ်အမျိုးသား တေးဂီတအဖွဲ့ အမျိုးသမီးများ ဖြစ်နေ (ရုပ်သံ)

တရုတ်နိုင်ငံက ပေါ့ပ်တေးဂီတ တီးဝိုင်းအသစ် FFC-Acrush ဟာ အမျိုးသားတေးဂီတအဖွဲ့ အဖြစ် အောင်မြင်ကျော်ကြားနေပေမယ့် အဖွဲ့ဝင်တွေအားလုံးဟာ အမျိုးသမီးတွေ ဖြစ်နေတယ်လို့ ရှန်ဟိုင်ရစ် သတင်းစာမျက်နှာမှာ မတ်လ ၃၁ ရက်နေ့က ရေးသားထားပါတယ်။ တေးဂီတအဖွဲ့ဝင်တွေအားလုံးဟာ အာရှကလာတဲ့ အမျိုးသားပေါ့ပ်တေးဂီတ ကျော်ကြားသူတွေ ပုံပေါက်နေပေမယ့် အဖွဲ့ဝင် လူကရန်၊ အန်ဂျန်ရှီ၊ ပန်ရှီချန်၊ မင်ဂျန်ကွင်နဲ့ လင်းဖန်တို့က အမှန်က အမျိုးသမီးတွေပါလို့ ဆိုပါတယ်။ သူတို့အများစုက အသက် ၂၀ ကျော်လောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။ အခုအချိန်အထိ သူတို့ရဲ့မိတ်ဆက် ဗွီဒီယိုရုပ်သံ မထွက်သေးပေမယ့် ဒီလိုဆန့်ကျင်ဘက်အမျိုးသားတွေရဲ့ ဟန်ပန်စတိုင်တွေ၊ အမျိုးသားအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတေးဂီတဝိုင်းရဲ့ သီးခြားဖြစ်တဲ့ အမြင်နဲ့ ဈေးကွက်ထဲဝင်လာပုံကို တရုတ်ဆိုရှယ်မီဒီယာ ဝီဘိုမှာ ထောက်ခံသူ ၈ သိန်း ၈ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။ FFC-Acrush တေးဂီတအဖွဲ့ဟာ လက်တစ်လော “Husband Exhibition”/ “ခင်ပွန်းယောက်ကျားတို့ရဲ့ သရုပ်ပြမှု” ဆိုပြီး တရုတ်နိုင်ငံတောင်ပိုင်း ဂျို့ဂျန်းခရိုင်မှာ ဖျော်ဖြေမိတ်ဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တေးဂီတ လောကမှာ ဂီတအားပေးသူ အမျိုးသမီးတွေကြား သူတို့နှစ်သက်တဲ့ အမျိုးသား နာမည်ကြီး ပေါ့ပ်အဆိုတော်ကို “Husband/ခင်ပွန်းယောက်ကျား” ဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးနှုန်းတယ်လို့ သိရပါတယ်။ ဒီတေးဂီတဝိုင်းရဲ့ ကိုယ်စားလှယ်က “သူ” “သူမ” ဆိုတဲ့ အသုံးအနှုန်းအစား “Handsome youths/ချောမောတဲ့လူငယ်တွေ” ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးထားတယ်၊ ဒီအဖွဲ့ရဲ့ အယူအဆက “ဘောင်မခတ်ထားပဲ လွတ်လပ်မှုတွေကို လှုံ့ဆော်ပေးတာ” လို့ ပြောပါတယ်။ တေးဂီတဝိုင်းရဲ့ ကုမ္ပဏီက နောက်ထပ် အမျိုးသမီးတီးဝိုင်း ၃ ဖွဲ့ ထပ်ဖွဲ့ဖို့ စိတ်ကူးရှိနေပြီး သူတို့ရဲ့တီးဝိုင်းက FFC ဆိုတဲ့ အမည်ဖြစ်လို့ တေးဂီတအဖွဲ့တွေနဲ့ အဖွဲ့ဝင်တွေရဲ့ နာမည်အားလုံးရှေ့မှာ FFC ဆိုတဲ့ အမှတ်တံဆိပ်ပါရမယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up