အမ်းမြို့နယ်မဲဆန္ဒနယ်တွင် လူ ၂၀၀ ခန့် မဲပေးခွင့်မရဟု ဒေါက်တာအေးမောင်ပြော
DVB
·
April 2, 2017
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်းနဲ့ ကိုက်ညီမှုမရှိတာကြောင့် မဲဆန္ဒရှင် ၂၀၀ လောက် မဲပေးခွင့်မရခဲ့ဖူးလို့ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာအေးမောင်က ဒီဗွီဘီကိုပြောပါတယ်။
"ကျနော်နိုင်ငံရဲ့မဲဆန္ဒရှင် ပညာပေးက အဲ့လောက် မကောင်းသေးဘူးဗျ။ ခုက ရပ်ကွက် အုပ်ချုပ်ရေးက အသိအမှတ်ပြုရင်မဲပေးစေချင်တယ်၊ နိုင်ငံသားတိုင်းမဲပေးခွင့်ရစေချင်တယ်၊ မဲစာရင်းမှာ လွဲတာက ဥပမာ အဖေ နာမည်လွဲတာ၊ မှတ်ပုံတင်နံပါတ်လွဲတာစသဖြင့်ရှိတယ်။ ဒါပေမယ့် ဒီလူတွေ ဒီမှာနေတာမှန်ကန်ရင် နောက်ဆက်တွဲ အနေနဲ့ မဲပေးခွင့်ရစေချင်တာပါ" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီဖြစ်စဉ်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူးလို့ သိပါတယ်။ တပ်တောင်မြို့မှာ ရပ်ကွက် ၃ ခုရှိပြီး အမ်းမြို့နယ်ထဲက ရပ်ကွက် ၇ ခုထဲမှာ ပါဝင်ပါတယ်။
သတင်း- အာကာ