Home
မြန်မာသတင်း
ချောင်းဆုံရွေးကောက်ပွဲ မဲရလဒ်များ စတင်ရေတွက်
DVB
·
April 1, 2017
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ မဲရလဒ်ကို ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲရလဒ်တွေကို ညနေ ၄ ရီ စတင် ရေတွက်နေပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးဝင်း၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်ကြည်သိန်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးဝင်းထွဋ်(ခ)ဦးမြဝင်း၊ မွန်အမျိုးသားပါတီမှ နိုင်စိန်မြမောင် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင့်ဝေတို့က ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။ မွန်ပြည်နယ် ချောင်းဆုံမြိ့နယ်မှာ ဆန္ဒ မဲပေးခွင့်ရှိသူ ၁၂၆၂၂၅ ယောက်ရှိတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကျော်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024