ပထမဆုံး ကျပ်သိန်း ၁ သောင်းဆု ပ-၅၉၆၈၇၂ ဆွတ်ခူး (ရုပ်သံ)
DVB
·
April 1, 2017
by dvburma ငါးရာတန်ထီလတ်မှတ်ရဲ့ ပထမဆုံး သိန်းတစ်သောင်းပေါက်မဲကို ဒီနေ့မှာ သားကောင်းရတနာထီဆိုင်က ထီနံပါတ် ပ-၅၉၆၈၇၂ နဲ့ဆွတ်ခူးသွားပါတယ်။ မတ်လအတွင်းမှာ ရောင်းချခဲ့တဲ့ ငါးရာတန်ထီလက်မှတ်တွေကနေ သိန်းတစ်သောင်းကျပ် အမြင့်ဆုံးဆုကြေးအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ပေးခဲ့တာပါ။ သိန်းတစ်သောင်းကံထူးရှင်ကိုတော့ လက်တလော မသိရသေးပေမယ့် ရောင်းချပြီးသား ဆုလက်မှတ်ဖြစ်တယ်ဆိုတာကို သားကောင်းရတနာထီဆိုင်ပိုင်ရှင်က အတည်ပြုပြောကြားပါတယ်။ သိန်းငါးထောင်ကို ဃ-၇၃၅၇၃၁ နဲ့ သိန်းတစ်ထောင်ကို ပ-၈၁၆၄၄၁၃ စတဲ့ ထီနံပါတ်တွေနဲ့ ရွှေမြန်မာထီဆိုင်က ဆွတ်ခူးသွားခဲ့ပါတယ်။