A d v e r t i s e m e n t With Us

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ပြိုင်မည့်​ ကိုယ်စား​လှယ်​လောင်း​များ​စာရင်း​ အဖွဲ့​ချုပ် ​ကြေညာ

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်​မြေက ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ပါတီက ​ကြေညာလိုက်ပါတယ်။ ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီက ဒီက​နေ့​ ကိုယ်စား​လှယ်​လောင်း​ အား​လုံး​ ၂၂ ဦး​စာရင်း​အနက် ရန်ကုန်တိုင်း​ ​ခြောက်မြို့​နယ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမျိုး​သမီး​လေး​ဦး​နဲ့​ အမျိုး​သား​ ၂ ဦး​ ဝင်ပြိုင်မယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “​သေချာသ​လောက်ရှိတာက ​ဒေါ်​အောင်ဆန်း​စုကြည်က ​ကော့​မှူး​၊​ ​ဒေါ်​မေဝင်း​မြင့်​က မရမ်း​ကုန်း​၊​ ​ဒေါ်ဖြူဖြူသင်း​က မင်္ဂလာ​တောင်ညွန့်​၊​ ဒဂုံဆိပ်ကမ်း​မှာ​တော့​ ​ဒေါက်တာမျိုး​အောင်၊​ လှည်း​ကူး​က ကိုဖြိုး​မင်း​သိန်း​၊​ သုံး​ခွမြို့​နယ်က ​ဒေါ်စုစုလွင်” မန္တ​လေး​ မဟာ​အောင်​မြေမြို့​နယ်မှာ ဦး​အုန်း​ကြိုင် မိတ္ထီလာမှာ ဦး​ဝင်း​ထိန်တို့​ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနည်း​ဆုံး​ လစ်လစ်​နေရာ ၄၈ ​နေရာရှိတဲ့​အနက် ​နေရာတိုင်း​မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပါတယ်။ လက်ရှိ လွတ်​တော်အသီး​သီး​မှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ အသင်း​က အမတ်အများ​စုနဲ့​ အစိုး​ရ ဖွဲ့​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up