ရေလှိုင်းငြိမ့်ငြိမ့်တွေပေါ် ဖြတ်သွားရမယ့် ပင်လယ်မွေ့ယာတံတား (ရုပ်သံ)

ဒါဟာ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာမဟုတ်ပေမယ့် ဖြတ်သန်းသွားလိုက်ရုံနဲ့ သင့်ကို စိတ်ကြည်နူးစေမှာတော့ အမှန်ပါပဲ။ ခြေဖ၀ါးအောက်က ဖြတ်လျှောထွက်သွားတဲ့ ရေလှိုင်းတွေပေါ်မှာ ဖြတ်သန်း လျှောက်သွားရမယ့် အခွင့်အရေးကို ဒီတံတားကလေးက ပေးစွမ်းနိုင်ပါလိမ့်မယ်။ မွေ့ယာပုံသဏ္ဌာန်အခင်းတွေဟာ ရေလှိုင်းတွေပေါ်မှာ ရှိနေခဲ့ပြီး ဒါဟာ အိပ်မက်မ ဟုတ်ဘူးဆိုတာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်နိုင်မှာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် Building Technology & Interiors အင်တာနက်စာမျက်နှာမှာ မတ်လ ၂၉ ရက်နေ့က ဖော်ပြထားခဲ့တာဖြစ်ပြီး နှစ်သက်သဘောကျသူတွေ များစွာရှိနေခဲ့တာပါ။ ရေလွှာလှိုင်းစီးတံတားလေးပေါ်မှာ ဖြတ်သန်းသွားကြသူတွေဟာလည်း ပျော်ရွှ့င်နေကြပြီး တဖက်ကနေ အခြားတဖက်ဆီ စိတ်လှုပ်ရှားမှုတွေနဲ့ ကူးဖြတ်သွားလာနေခဲ့ကြတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up