Home
မြန်မာသတင်း
မြင်းခြံမြို့တွင်​ မူးယစ်​​ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
March 31, 2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့မှာ မတ်လ ၂၉ ရက် ည ၇ နာရီအချိန်က အမှတ် ၁ တိုးချဲ့မြို့သစ်ရပ်ကွက်မှာ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံမြို့မရဲစခန်းက ပြောပါတယ်။ မြင်းခြံခရိုင် မှုခင်းနှိမ်နှင်းရေးဌာနအဖွဲ့နဲ့ မြင်းခြံ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွနဲ့ တာဝန်ရှိသူတွေဟာ အမှတ် (၁) တိုးချဲ့မြို့သစ်ရပ်ကွက် အတွင်းရှိ ဂေါင်းကွဲကျေးရွာနဲ့ ပိုက်တဲကုန်း ကျေးရွာအသွား လှည်းလမ်းပေါ်မှာ စောင့်ဆိုင်းနေစဉ် အမှတ်-၁ တိုးချဲ့မြို့သစ်ရပ်ကွက်နေ မပါကြီး (ခ) မပပကို ရှာဖွေခဲ့ရာ best feeling တံဆိပ်ပါ ကော်ဖီမစ်အခွံအတွင်း  ပလတ်စတစ်အိပ် အပြာနဲ့ ထုပ်ပိုးထည့်ထားတဲ့ 88/1 ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆ ပြား၊ အစိမ်းရောင် ၃ ပြား၊ စုစုပေါင်း ၁၉၉ ပြား၊ ဟွာဝေး အမျိုးအစား လက်ကိုင်ဖုန်း ရွှေရောင်တလုံးတို့ကို ဖမ်းဆီးရခဲ့ပါတယ်။ မပါကြီး (ခ) မပပကို ဆက်လက် စစ်ဆေးမေးမြန်းရာ မပပရဲ့ ခင်ပွန်းဖြစ်တဲ့ အောင်မြင့်မြတ် (ခ) ဖတ်တီးဟာ အမှတ်-၁ တိုးချဲ့ရပ်ကွက်နေ နယ်မြေ-၅၊ ၁၉ လမ်းရှိ ဦးမြင့်ဦးရဲ့နေအိမ်မှာ ရှိကြောင်း ပြောပြတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့ပြီး နေအိမ် အိပ်ခန်းအတွင်းသို့ ဆက်လက်ရှာဖွေရာ Red Ruby ဆေးလိပ်ဘူးခွံအတွင်း ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ လိမ္မော်ရောင် အမှုန့် (၀ ဒသမ ၂) ဂရမ်ခန့်ပါ ဘူးတဘူး၊ Red Ruby ဆေးလိပ်ဘူးခွံအတွင်းမှ ပင်နယ်စလင်ပုလင်းနဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ လိမ္မော်ရောင်အမှုန့် (၀ ဒသမ ၁၅) ဂရမ်ခန့်ပါ ပုလင်းတလုံး၊ Red Ruby ဆေးလိပ် ဗူးခွံအတွင်း ပင်နယ်စလင် ပုလင်းထဲမှ လိမ္မော်ရောင်အမှုန့် (၀ ဒသမ ၁၅) ဂရမ်နဲ့ လိမ္မော်ရောင်လက်ကိုင်ပါ ပလတ်စတစ် ဆွဲခြင်းတလုံး Kenbo ဖုန်း အနက်ရောင်တို့ကို တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။ ဖတ်တီးကို ဆက်လက်စစ်ဆေးရာ အိမ်အမှတ်-၂၉၊ နယ်မြေ-၂၊ ၁၉-လမ်းမှာ နေထိုင်သူ ဦးလှဦးရဲ့ နေအိမ်အောက် မြေကြီးထဲမှာ ဝှက်ထားတယ်လို့ သိရတဲ့အတွက် သက်သေတွေနဲ့အတူ ဝရမ်းအမှတ် ၂/၂၀၁၇ နဲ့ ရှာဖွေခဲ့ရာ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် ၂ ပြား စုစုပေါင်း ၂၀၀ ပြားတို့ကို ကမ္ဘာလုံးတံဆိပ် အပြာရောင်ပလတ်စတစ်အိတ် အတွင်းမှာ တွေ့ရှိခဲ့ပြီး 88/1 စာတန်းပါ မူးယစ်ဆေးပြား အစိမ်းရောင် ၂ ပြား၊ ပန်းရောင် ၁၉၈ ပြား၊ 88/1 စာတန်းပါ စိတ်ကြွဆေးပြားများပါတဲ့ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ပလတ်စတစ်အိတ် အတွင်းမှ love is flower စာတန်းပါ ဆပ်ပြာခွက် (ပြာ)တခွက်အတွင်း ထည့်ကာ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အိတ်တွေကို ရှာာဖွေသိမ်းဆည်း ရခဲ့မိပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ်ထား သုံးစွဲရောင်းချသူ မပါကြီး (ခ) မပပ နဲ့ အောင်မြင့်မြတ် (ခ) ဖက်တီးတို့ကို မြင်းခြံမြို့ အမှတ်-၁၊ မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၇ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ /၁၉(က) /၂၁ နဲ့ အမှုဖွင့်ထားပြီး အမှုစစ် ဒုရဲအုပ် စောအဲ့ထူးက စစ်ဆေးဆောင်ရွက်နေတယ်လို့ မြင်းခြံ မြို့မရဲစခန်းမှ သိရပါတယ်။ သတင်း - ရီရီထွန်း(မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024