Home
မြန်မာသတင်း
ကေအန်ယူနှင့်​ အစိုး​ရ အပစ်ရပ်​ဖို့​​ သ​ဘောတူပြီ
နော်နိုရင်း
·
January 12, 2012
ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)နဲ့​ က​ရင်​ပြည်​နယ်​ အစိုး​ရကိုယ်စား​လှယ်တို့​ နှစ်ဖက် အပစ်ရပ်ဖို့​ သ​ဘောတူလိုက်ကြပြီး​​ ​လက်​မှတ်​ရေး​ထိုး​လိုက်​ကြ​ပါ​တယ်​။ ဘား​အံ့​မြို့​ ဇွဲကပင်ဟိုတယ်မှာ ဒီက​နေ့​ မနက်ပိုင်း​က စတင်တဲ့​ အစည်း​အ​ဝေး​မှာ သ​ဘောတူညီချက် ၄ ခု ရရှိသွား​ပြီလို့​ အဲဒီကို​ရောက်ရှိ​နေတဲ့​ သတင်း​ထောက် တဦး​က ​ပြောပါတယ်။ “အချက်​လေး​ချက်က​တော့​ အပစ်အခတ် ရပ်စဲမယ်။ ဆက်ဆံ​ရေး​ ရုံး​တွေဖွင့်​မယ်။ လက်နက်မပါဘဲ တနိုင်ငံလုံး​ သွား​လို့​ရမယ်။ ​နောက်အဆင့်​တွေ ဆက်​ဆွေး​နွေး​သွား​မယ်။” ဒီ​နေ့​ည​နေပိုင်း​မှာ ​ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ်ရှိရာ (​မော်လမြိုင်)မှာ သွား​ရောက်ပြီး​ စစ်​ရေး​ကိစ္စ ​ဆွေး​နွေး​ဖို့​ ရှိတယ်လို့​ ​ကေအန်ယူရဲ့​ ဒု-ဥက္ကဋ္ဌ ​ဒေး​ဗစ်သာက​ပေါ်က ​ပြောပါတယ်။ ကရင်အမျိုး​သား​အစည်း​အရုံး​ဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ အတွက် လက်နက်ကိုင်​တော်လှန်​နေတာ နှစ်​ပေါင်း​ ​ခြောက်ဆယ်​ကျော်ပြီ ဖြစ်ပါတယ်။ တိုက်ပွဲ​တွေ​ကြောင့်​ ထိုင်း​-မြန်မာနယ်စပ်မှာ စစ်​ပြေး​ဒုက္ခသည် တသိန်း​ကျော်​လောက် ဒုက္ခသည် စခန်း​တွေမှာ ခိုလှုံ​နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024