Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာစစ်တပ် ယူနီဖောင်းအစုံ ၂၀၀ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
DVB
·
March 31, 2017
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာစစ်တပ်ယူနီဖောင်းအစုံ ၂၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေသတွင်း အကောက်ခွန်ဌာနက ဖမ်းဆီးရမိခဲ့တယ်လို့ သည်ဒေးလီးစတား သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်ယူနီဖောင်းအစုံ ၂၀၀၊ အိတ်ပေါင်း ၁၈၆ အိတ်၊ ခါးပတ် ၄၅၂ ခု၊ ကျည်ဆန်အိတ် ၁၈ ခုနဲ့ ဦးထုပ်အလုံး ၅၀ ပါဝင်ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကောက်စ်ဘဇားနယ်စပ်မြို့၊  တက်ခ်နက်လဲန်းဒ်ဆိပ်ကမ်း မှာ ဖမ်းမိခဲ့တာပါ။ ဒီပစ္စည်းတွေကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက စီးနင်းရှာဖွေစစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာလို့ တက်ခ်နက်လဲန်းဒ်ဆိပ်ကမ်း အကောက်ခွန်ဦးစီးမှူး မိုရှာရက်ဖ် ဟူစိန်ဆလင်းမ်က ပြောပါတယ်။ “ဒီယူနီဖောင်းတွေကို နိုင်ငံထဲကို မှောင်ခိုတင်သွင်းလာခဲ့တာပါ။” ဒီပစ္စည်းတွေကို တင်သွင်းလာတဲ့ ရာမန်ကုန်သွယ်ရေးလုပ်ငန်းနဲ့ အက်စ်အာရ် ကုန်သွယ်ရေးလုပ်ငန်းတွေကတော့ သူတို့အနေနဲ့ ငါးခြောက်၊ မန်ကျည်းစေ့နဲ့ လက်ဖက်တွေကို တင်သွင်းခဲ့တာလို့ ကြေညာခဲ့ပေမယ့် စစ်ဆေးခဲ့ချိန်မှာ မြန်မာစစ်တပ်ယူနီဖောင်းတွေကို တွေ့ရှိခဲ့ရတာပါ။ ဒီဖြစ်စဉ်ကွင်းဆက်ကို လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ တရားဝင် တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးချက်အရ ဘူအောင်ချက်ခ်မာ အမည်ရတဲ့ လူငယ်တဦးကို ဖမ်းဆီးထားတယ်လို့ နယ်စပ်လုံခြုံရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး အဘူလ်ဇာ အယ်လ်ဂျာဟစ်ဒ်က ပြောပါတယ်။ တက်ခ်နက်ဖ်ဒေသ ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတဦးဖြစ်တဲ့ မက်ဒ်မိန်း အူဒင်ခန်ကတော့ ခုလို ဖမ်းဆီးရမိတာတွေနဲ့ပတ်သက်ပြီး ရဲစခန်းကို လာရောက်တိုင်ကြား တာမျိုးလည်း မရှိခဲ့ပဲ သူဘာမှမသိခဲ့ဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024