A d v e r t i s e m e n t With Us

ကျောင်း​သား​သမဂ္ဂ ​ပေါ်​ပေါက်​ရေး​ ​ကော်မတီဖွဲ့​စည်း

ကျောင်း​သား​သမဂ္ဂများ​ ဖြစ်ထွန်း​ပေါ်​ပေါက်​ရေး​ကော်မတီ တရပ်ကို ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မန္တလေး​မြို့​မှာ စတင် ဖွဲ့​စည်း​လိုက်ပါတယ်။ [caption id="attachment_19865" align="alignright" width="300" caption="ဦး​နေဝင်း​ အစိုး​ရက ဒိုင်း​နမိုက်နဲ့​ ဖြိုခွင်း​လိုက်သည့်​ သမိုင်း​ဝင် ​ကျောင်း​သား​သမဂ္ဂအ​ဆောက်အဦ "][/caption] ​ကော်မတီရဲ့​ ​ရှေး​ဦး​လုပ်ငန်း​စဉ်အဖြစ် ​ကျောင်း​သား​ထုအကြား​ သမဂ္ဂစိတ်ဓာတ် ပြန်လည်ရင့်​သန်လာဖို့​နဲ့​ ​ကျောင်း​အသီး​သီး​မှာ သမဂ္ဂ​တွေ ဖွဲ့​စည်း​နိုင်​ရေး​ ကြိုး​ပမ်း​ဖို့​ ဖြစ်တယ်လို့​ ​ကော်မတီ ​ပြောခွင့်​ရသူ ကိုရဲရင့်​အောင်က ​ပြောပါတယ်။ ဗကသများ​ အဖွဲ့​ချုပ်ဟာ မြန်မာ့​လွတ်လပ်​ရေး​ ကြိုး​ပမ်း​မှု ကာလကတည်း​က ဖြစ်တည်ခဲ့​တာ ဖြစ်ပြီး​ လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ အပါအဝင် နိုင်ငံ​ခေါင်း​ဆောင် အ​တော်များ​များ​ကို ​မွေး​ထုတ်နိုင်ခဲ့​ပါတယ်။ ဗကသ ပြန်လည်​ပေါ်​ပေါက် ​ကော်မတီ ​ပြောခွင့်​ရသူ ကိုရဲရင့်​အောင်က​တော့​ မကြာခင်မှာ အစိုး​ရဆီမှာ တရား​ဝင်မှတ်ပုံတင်ဖို့​ ကြိုး​စား​မယ်လို့​ ​ပြောပါတယ်။ ၁၉၆၂ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ကာလကစလို့​ ​မြေ​ပေါ်မှာ ရပ်တည်နိုင်ခြင်း​ မရှိ​တော့​ဘဲ ​မြေ​အောက်လှုပ်ရှား​မှု အဖြစ်သာ ရပ်တည်နိုင်ခဲ့​တာ ဖြစ်ပါတယ်။ သမိုင်း​ဝင် ​ကျောင်း​သား​သမဂ္ဂအ​ဆောက်အဦ ကိုလည်း​ အာဏာသိမ်း​ တက်လာတဲ့​ ဦး​နေဝင်း​ အစိုး​ရက ဒိုင်း​နမိုက်နဲ့​ ဖြိုခွင်း​ပြီး​ သမဂ္ဂလှုပ်ရှား​မှု​တွေကို နှိပ်ကွပ်ခဲ့​ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအ​ရေး​တော်ပုံကာလမှာ ​ကျောင်း​သား​သမဂ္ဂဟာ ​မြေ​ပေါ်ကို ခဏ ပြန်​ရောက်ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကိုမင်း​ကိုနိုင်ကို ဖမ်း​ဆီး​ ​ထောင်ချခဲ့​ပါတယ်။ ၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကာလမှာ ဗကသကို ​နောက်တကြိမ် ပြန်လည်ဖွဲ့​စည်း​တဲ့​အခါ ဥက္ကဋ္ဌအဖြစ် ကို​ကျော်ကိုကို ကို တင်​မြှောက်ခဲ့​ကြပါတယ်။ အဲဒီကာလမှာ ​ကျောင်း​သား​သမဂ္ဂမှာ လှုပ်ရှား​ခဲ့​တဲ့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင်​တွေနဲ့​ ၂၀၀၇ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်ကို အစိုး​ရက ဖမ်း​ဆီး​ပြီး​ နှစ်ရှည် ​ထောင်ဒဏ်​တွေ ချမှတ်ခဲ့​ပါတယ်။ အစိုး​ရသစ် တက်လာတဲ့​ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ တချို့​ကို ပြန်လွှတ်​ပေး​ခဲ့​ပေမယ့်​ ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေ၊​ ကို​ကျော်ကိုကိုနှင့်​ ၂၀၀၇ မျိုး​ဆက်၊​ ​ကျောင်း​သား​ သမဂ္ဂမှာ လှုပ်ရှား​ခဲ့​သူ​တွေကို ခုချိန်ထိ ပြန်မလွှတ်​ပေး​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up