Home
အထွေထွေ
ကာကွယ်​ရေး​ဦး​စီး​ချုပ် ထိုင်း​နိုင်ငံ ​ရောက်ရှိ
DVB
·
January 11, 2012
ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ ထိုင်း​နိုင်ငံကို ​ရောက်ရှိ​နေပါတယ်။ [caption id="attachment_19859" align="alignleft" width="300" caption="photo-reuters"][/caption] မြန်မာ့​တပ်မ​တော် ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်အပြီး​ ၁၀ လ အကြာမှာ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကို ပထမဦး​ဆုံး​အကြိမ် အဖြစ် ​ရောက်ရှိလာခဲ့​တာပါ။ မဲ​ခေါင်မြစ်မှာ ​ရေယာဉ်​တွေ အတိုက်အခိုက် ခံရတာကို ပူး​ပေါင်း​ဆောင်ရွက် လုပ်​ဆောင်ဖို့​အတွက်နဲ့​ နှစ်နိုင်ငံ စစ်ဖက် အပြန်အလှန် နည်း​ပညာဖလှယ်​ရေး​နဲ့​ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​တို့​လည်း​ ဒီခရီး​စဉ်မှာ ပါရှိပါတယ်။ မြန်မာစစ်တပ်က ထိုင်း​နိုင်ငံကို လာ​ရောက်ပြီး​ ထိုင်း​စစ်ဖက် သင်တန်း​တွေမှာ တက်​ရောက်ခွင့်​ရ​ရေး​နဲ့​ ထိုင်း​စစ်တပ် အ​နေနဲ့​လည်း​ မြန်မာ့​တပ်မ​တော်နဲ့​ ပူး​ပေါင်း​ လုပ်​ဆောင်ဖို့​လည်း​ ရှိ​နေပါတယ်။ ထိုင်း​နဲ့​မြန်မာ နှစ်နိုင်ငံ စစ်​ရေး​ ပူး​ပေါင်း​ လုပ်​ဆောင်မှုနဲ့​ ပတ်သက်ပြီး​တော့​ ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနှင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အင်အား​စုမှ ဦး​ဌေး​အောင်က အခုလို ​ပြောပြပါတယ်။ “၂ နိုင်ငံစစ်​ရေး​ပူး​ပေါင်း​ လုပ်​ဆောင်မှုဆိုတဲ့​ ​နေရာမှာ​တော့​ ကျ​နော်ထင်ပါတယ်။ ထိုင်း​နိုင်ငံက မြန်မာပြည်အစိုး​ရနဲ့​ အထူး​သဖြင့်​ ဗမာ့​တပ်မ​တော်နဲ့​ ပူး​ပေါင်း​လှုပ်ရှား​မယ်ဆိုရင်​တော့​ အခု သုံး​နိုင်ငံကြား​ ​ရွှေတြိဂံ​ဒေသမှာ လက်နက်ကိုင်ပြီး​တော့​ ပစ်ခတ်မှု​တွေ မကြာခဏ ဖြစ်​နေတဲ့​ အဖွဲ့​တွေရှိတယ်။ အဲဒီအဖွဲ့​တွေကိုလည်း​ အခုတရုတ်နိုင်ငံ အပါအဝင် ​လေး​နိုင်ငံပူး​ပြီး​တော့​ ကင်း​လှည့်​စောင့်​ရှောက်​နေတာ ရှိတယ်။ အဲဒီကိစ္စ​တွေမှာ ပူး​တွဲပြီး​တော့​ သူတို့​စစ်​ရေး​ လှုပ်ရှား​မှု​တွေ လုပ်နိုင်သလို ​နောက်တချက်ကလည်း​ မူး​ယစ်​ဆေး​ဝါး​ ကိစ္စ​တွေမှာ ထိုင်း​နိုင်ငံဘက်က ​တော်​တော်များ​များ​ ထိခိုက်​နေတဲ့​ သ​ဘောရှိတယ်။ အခု ရရှိတဲ့​သတင်း​တွေအရ ဗမာနိုင်ငံမှာ တည်ငြိမ်​နေတယ်ဆို​ပေမယ့်​ အပစ်အခတ် ရပ်စဲတယ်ဆို​ပေမယ့်​၊​ မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်မှုက ယခင်နှစ်​တွေထက် ပိုပြီး​များ​လာတဲ့​ အ​နေအထား​လေ။ အဲဒီ​တော့​ အဲဒီ အ​နေအထား​တွေ အ​ပေါ်မှာ ထိုင်း​ကလည်း​ စိတ်ပူ​နေတာရှိတယ်။” ထိုင်း​စစ်တပ်အ​နေနဲ့​ ယခု ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်နဲ့​ ဆက်ဆံရတာဟာ ယခင် ဗိုလ်ချုပ်မှုး​ကြီး​ သန်း​ရွှေထက် အဆင်​ပြေတယ်လို့​လည်း​ ထိုင်း​စစ်ဖက်ကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။ ထိုင်း​စစ်တပ်ဖက်က​တော့​ မြန်မာနဲ့​ထိုင်း​ နယ်စပ်စီး​ပွား​ရေး​တွေမှာ တည်ငြိမ်ဖို့​နဲ့​ တရား​ဝင်ဖြစ်ဖို့​ တွန်း​အား​ပေး​ ​ပြောဆိုခဲ့​တယ်လို့​ ထိုင်း​စစ်ဖက်နဲ့​ နီး​စပ်သူ​တွေက ​ပြောကြပါတယ်။ ထိုင်း​ဘက်က အဆိုပြု ​ပြောဆိုတာကို မြန်မာဘက်က ပြန်လည် ​ပြောဆိုခဲ့​ခြင်း​ မရှိဘူး​လို့​လည်း​ သိရပါတယ်။ ထိုင်း​နိုင်ငံဟာ ပြည်ပ​ရောက် မြန်မာဒီမိုက​ရေစီ အတိုက်အခံနဲ့​ လက်နက်ကိုင် တိုင်း​ရင်း​သား​တပ်​တွေရဲ့​ အဓိက အ​ခြေစိုက် ​နေရာလည်း​ ဖြစ်ပါတယ်။ အခုလို ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ရဲ့​ ထိုင်း​ခရီး​စဉ်အတွင်း​မှာ မြန်မာအတိုက်ခံ​တွေကို ဖိအား​ပေး​လာနိုင်မယ်လို့​လည်း​ ဒီမိုက​ရေစီနှင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အင်အား​စုမှ ဦး​ဌေး​အောင်က သုံး​သပ်​ပြောပါတယ်။ “ဒီဗမာစစ်အစိုး​ရ အဆက်ဆက်က​တော့​ ထိုင်း​နိုင်ငံကို အမျိုး​မျိုး​ ဖိအား​ပေး​တာ​တွေ ​တောင်း​ဆိုခဲ့​တာ​တွေ လုပ်ခဲ့​တဲ့​ သာဓက​တွေ ရှိတယ်။ ဒါ​ပေမယ့်​ ထိုင်း​နိုင်ငံဘက်က ပြန်ကြည့်​တဲ့​အခါ သူတို့​နောက်မှာလည်း​ မဟာမိတ် အ​နောက်နိုင်ငံ​တွေ အ​နေအထား​ရှိတယ်။ ​နောက်ပြီး​တော့​ လူ့​အခွင့်​အ​ရေး​အရ လူသား​ချင်း​ စာနာတဲ့​ အ​နေအထား​အရ ဒါ​တွေကို လက်ခံ​နေရတဲ့​ အ​နေအထား​တွေလည်း​ ရှိတယ်ဆို​တော့​ ထိုင်း​နိုင်ငံက သိသိသာသာ ​ရှေ့​တုန်း​က​တော့​ ဖိအား​ပေး​ခဲ့​တာမျိုး​ မရှိဘူး​ပေါ့​။ ဒါ​ပေမယ့်​ အခု ဒီ​နေ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်လာပြီ ဗမာပြည်မှာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ရွေး​ကောက်ပွဲ ဝင်ပြီး​တဲ့​အခါ ကာလမျိုး​ကျရင်​တော့​ ထိုင်း​နိုင်ငံထဲမှာ ရှိ​နေတဲ့​ ဗမာဒုက္ခသည်​တွေ အပါအဝင် နိုင်ငံ​ရေး​ လှုပ်ရှား​မှု​တွေကလည်း​ပဲ တနည်း​တဖုံ​တော့​ ဖိအား​ပေး​မှု​တွေ တင်း​ကျပ်မှု​တွေ လုပ်လာနိုင်တယ်လို့​ ထင်တယ်။” ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်နဲ့​အတူ ညှိနှိုင်း​ ကွပ်ကဲ​ရေး​မှုး​ ဒုတိယ ဗိုလ်ချုပ်ကြီး​ လှ​ဌေး​ဝင်း​၊​ ကစထမှူး​ ဒုတိယ ဗိုလ်ချုပ်ကြီး​ သက်နိုင်ဝင်း​နဲ့​ တပ်မ​တော် ​ထောက်လှမ်း​ရေး​ အကြီး​အကဲ စစ်ဖက်​ရေး​ရာ လုံခြုံ​ရေး​အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး​ ​ကျော်​ဆွေတို့​လည်း​ လိုက်ပါသွား​ပြီး​ ဒီခရီး​စဉ်နဲ့​ ပတ်သက်ပြီး​တော့​ မြန်မာအစိုး​ရက အ​သေး​စိတ် ထုတ်​ဖော် ​ပြောတာ​တော့​ မရှိ​သေး​ပါဘူး​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024