Home
မြန်မာသတင်း
ကော့မှူး ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု နောက်ဆုံးနေ့ အပြိုင်အဆိုင် ပြုလုပ် (ရုပ်သံ)
DVB
·
March 31, 2017
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးမှုရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီအထိ ကော့မှူးမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေကို အပြိုင်အဆိုင် ပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကို မတ် ၃၀ ရက်နေ့ မနက် ၆ နာရီကနေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ သတ်မှတ်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ်အတွင်းမှာ ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း ၉ ဦးရှိပြီး ၇ ဦးကတော့ ပါတီတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ၂ ဦးကတော့ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျေးရွာပေါင်း ၆၅ ရွာရှိတဲ့ ကော့မှူးမြို့နယ်မှာ မဲရုံပေါင်း ၁၅၅ ရုံ ရှိပြီးတော့ မဲပေးခွင့်ရှိသူပေါင်း ၉၄၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ ကော့မှူးမဲဆန္ဒနယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ နယ်မြေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024