ဘရာဇီးအသင်း ၂၀၁၈ ကမ္ဘာ့ဘောလုံးခြေစစ်ပွဲ ပထမဆုံးအောင်မြင်သည့်အသင်းဖြစ်လာ

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးဘောလုံးအသင်းဟာ ၂၀၁၈ ရုရှားမှာလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ပထမဆုံး ခြေစစ်ပွဲအောင်မြင်တဲ့အသင်း ဖြစ်လာပါတယ်။ ဘရာဇီးဟာ မနေ့ကယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ပါရာဂွေးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့အတွက် ၃၃ မှတ်ရပြီး ခြေစစ်ပွဲအောင်မြင်သွားတာပါ။ လောလောဆယ် တောင်အမေရိကဇုန်ရဲ့ အမှတ်ပေးဇယား ကစားပြီးတဲ့ ၁၄ ပွဲမှာ ဘရာဇီးက ၃၃ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်ပြီး ဒုတိယနေရာက ကိုလံဘီယာကို ၉ မှတ် ဖြတ်ထားပါတယ်။ လက်ကျန် ၄ ပွဲ ကျန်ပေမယ့်လည်း ဘရာဇီးအသင်းအတွက် အမှတ်မလိုတော့ဘဲ ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။ တောင်အမေရိကဇုန်မှာ အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး ၄ သင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရတာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ နည်းပြ ထိထီ (Tite) လက်ထက်မှာ ၈ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up