ဝါရှင်တန်တွင် ရဲတပ်ဖွဲ့ဝင်များကို ကားဖြင့်ဝင်တိုက်သည့် အမျိုးသမီးအား ပစ်ခတ်ဖမ်းဆီး

ဓာတ်ပုံ - အေအက်ဖ်ပီ
767
မတ်လ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အဦအနီး တာဝန်ထမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမျိုးသမီးတဦးက ကားနဲ့ဝင်တိုက်ဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ကားနဲ့ဝင်တိုက်သူ အမျိုးသမီး ဒဏ်ရာမရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီ့နောက် အမျိုးသမီးကို ဖမ်းဆီးပြီး ဘာ့ကြောင့် အခုလိုလုပ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို ရဲက စုံစမ်းစစ်ဆေးနေပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်း အရေးကြီးနေရာဖြစ်တဲ့ လွှတ်တော်အဆောက်အဦအနီးမှာ အခုလိုလုပ်ခဲ့တာမို့ ဒီလုပ်ရပ်ကို ရာဇဝတ်မှုအဖြစ် ရဲက သတ်မှတ်ထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့က လွှတ်တော်တဝိုက် လမ်းတွေကို လုံခြုံရေးချပြီး ယာယီပိတ်လိုက်ပါတယ်။
ဒီကိစ္စကို အမေရိကန် စုံစမ်းရေးဗျူရို (အက်ဖ်ဘီအိုင်) က ဆက်လက်စစ်ဆေးနေပြီး ကားနဲ့ဝင်တိုက်တဲ့ အမျိုးသမီးရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။