သုဝဏ္ဏဘူမိလေဆိပ်တွင် သြစတြေးလျနိုင်ငံသားတဦး ပြုတ်ကျသေဆုံး (ရုပ်သံ)
Published By
DVB | 30 March, 2017
884
0
Share
0
Comment
0
Likes
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ နိုင်ငံခြားသား ခရီးသွားတဦး ဒီကနေ့ မနက်ပိုင်းက ၄ ထပ်ကနေ ပြုတ်ကျပြီး သေဆုံးသွားပါတယ်။
အဲဒီနိုင်ငံခြားသားဟာ ၄ ထပ်ကနေ ၁ ထပ်ကို ပြုတ်ကျတာဖြစ်ပြီး လေဆိပ်လုံခြုံရေး တာဝန်ရှိသူတွေက ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတာလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘာကြောင့် အခုလို ပြုတ်ကျသေဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Mr. ALAN PAUL GRIMES ဖြစ်ပါတယ်။
ထိုင်းတာဝန်ရှိသူတွေက သြစတြေးလျနိုင်ငံသား ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး အဆင့်ဆင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။