ထိတ်လန့်ဖွယ် မိကျောင်းကြီးအနားကပ်ကာ အစာကျွေးခဲ့သည့် အမျိုးသား (ရုပ်သံ)

မိကျောင်းတွေဟာ အန္တရာယ်ရှိတဲ့ ကုန်းနေရေနေသတ္တ၀ါတွေဖြစ်ပြီး အနီးကပ် ရင်ဆိုင်တွေ့ဖို့ဆိုတာ တကယ့်ကို အန္တရာယ်များလွန်းပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ မိကျောင်းတကောင်နားကို နီးနီးကပ်ကပ် ကပ်သွားခဲ့ကာ ငါးတကောင်ကို အစာအဖြစ် ကျွေးခဲ့တာကို တွေ့ရမှာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိကျောင်းကြီးရှိတဲ့ ရေပြင်စပ်စပ်အနီး အဲဒီအမျိုးသားဟာ ရွှံ့ပြင်ကို ဖြတ်ပြီး လျှောက်လာခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ ငါးတကောင်ကို ကိုင်ထားခဲ့တာဖြစ်ပြီး မိကျောင်းကြီးကို ကမ်းပေါ်တက်လာအောင် မျှားခေါ်ခဲ့တာကို တွေ့ရပါတယ်။ မိကျောင်းကြီးဟာ တဖြည်းဖြည်းနဲ့ ကမ်းပေါ်ကို တက်လာခဲ့တာဟာ အသည်းယားစရာ မြင်ကွင်းပါပဲ။ ဒီနောက် အဲဒီအမျိုးသားဟာ ကမ်းပေါ်တက်လာတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်နားကို ငါးနဲ့ မျှားကာ ဆော့ကစားခဲ့တာကို တွေ့ရမှာပါ။ မိကျောင်းကြီးက သူ့လက်ထဲကငါးကို ပါးစပ်နဲ့ ဟပ်မလိုလုပ်လိုက်၊ သူက အပေါ်ကို မြှောက်တင်လိုက်နဲ့ ရှိနေခဲ့ချိန်မှာ ရွှံ့ပြင်ထဲ လဲကျသွားခဲ့ရင်တော့ တကယ့်ကို မတွေးရဲစရာပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိကျောင်းကြီးဟာ သူ့ရဲ့လက်ထဲက ငါးကို ဟပ်လိုက်ချိန်မှာတော့ ငါးဟာ မြေပြင်ဆီ ကျသွားခဲ့တာကို တွေ့ရပါတယ်။ သူက နောက်ထပ်ငါးတကောင်ကို ထုတ်ကာ ဆွဲခေါ်မျှားဖို့ ကြိုးစားခဲ့ပေမယ့် မိကျောင်းကြီးကတော့ မြေပြင်ဆီပြုတ်ကျသွားတဲ့ ငါးကိုသာ ထိုးဟပ်စားခဲ့ကာ ရေထဲကို ပြန်ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာကို မသိနိုင်ပေမယ့် သူ့ရဲ့ ခုလိုအပြုအမူအတွက် တချို့ကတော့ ဝေဖန်နေကြပြီး တချို့ကတော့ ရဲရင့်မှုတခုအဖြစ် ပြောနေခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up