Homeမြန်မာသတင်း
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မီးထပ်မံလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၀ လုံး ဆုံးရှုံး
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မီးထပ်မံလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၀ လုံး ဆုံးရှုံး
DVB
·
March 30, 2017
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာ ဆင်ဖြူအုပ်စုမှာ ဒီနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ဆုံးရှုံးသွာပါတယ်။
"မနက် ၉ နာရီကနေ စလောင်တာ။ စလောင်တဲ့အိမ်က အဘိုးနဲ့အဘွား ၂ ယောက်တည်း ရှိတာလေ။ သူတို့လည်း အသက်ကြီးနေပြီ။ အိမ်အပေါ်မှာ ဘုရားမီးထွန်းထားတာ သူတို့က အိမ်အောက်မှာ သွားနေကြတာ။ အဲမှာစပြီးတော့ လောင်တော့တာပဲ။ ကျနော်တို့ ရွာသားတွေ အားလုံးဝိုင်းပြီးတော့ မီးဝိုင်းငြှိမ်းကြတာ အခုမှပဲ ငြိမ်းသွားတယ်" လို့ ကယားလမ်းအုပ်စု ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဝမ်းက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
နမ့်ဆန်မြို့နယ်မှာ မီးပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ က မီးအကြီးအကျယ် လောင်ကျွမ်းမှုမှာ မြို့ရဲ့ ၃ ပုံ ၂ ပုံလောက် လောင်ခဲ့ဖူးပါတယ်။
သတင်း - နိုင်နိုင်