မုံရွာအကျဉ်းထောင်အတွင်း အချုပ်သားများ ကြိုတင်မဲပေး
DVB
·
March 30, 2017
မုံရွာအကျဉ်းထောင်အတွင်း တရားစီရင်ဆဲ အချုပ်ကျခံနေရတဲ့ အချုပ်သားတွေ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါတယ်။
မတ်လ ၂၉ ရက်နေ့က စတင်ကြိုတင်မဲတွေ ကောက်ယူနေပြီး ဒီနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အချုပ်သားတွေအပြင် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေကိုလည်း ဆက်လက်ကောက်ယူသွားမယ်လို့သိရပါတယ်။
ဓာတ်ပုံ- အောင်ကိုလတ်