ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အသံကနေ မိန့်ခွန်းပြောမည်
DVB
·
March 29, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အစိုးရ တာဝန်ယူမှု ၁နှစ်ပြည့် အထိမ်းအမှတ်နိုင်ငံတ၀န်းကို မိန့်ခွန်းပြောကြားမယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မိန့်ခွန်းပြောကြားချက်ကို မတ်လ ၃၀ ရက်ညပိုင်း ၈ နာရီသတင်းတွေအပြီးမှာ မြန်မာ့အသံ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေ ထုတ်လွှင့်ပေးသွားမယ်လို့လည်း အသိပေး ကြေညာထားပါတယ်။